သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း အချိုရည်အရောင်းဆိုင်များတွင် ရောင်းချနေသော အသင့်သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် FDA ထောက်ခံချက်များ ပါဝင်ခြင်း ရှိမရှိကို စားသုံးသူရေးရာဦးစီးဌာန နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ညောင်တုန်း ပန်းတနော်မြို့ပေါ်ရှိ အချိုရည်အရောင်း(၃)ဆိုင်သို့ သွားရောက်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/nn6.jpg?itok=Go6LD7x_)
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းအဖွဲ့ တာဝန်ရှိသူများ (၃၁.၈.၂၀၂၃) ရက်နေ့ နံနက် (၁၁:၀၀) အချိန်က ပန်းတနော်မြို့ မြို့မဈေးအတွင်းရှိ စားသုံးဆီရောင်းချနေသော စားသောက်ကုန်စုံဆိုင်(၃)သို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/nn5.jpg?itok=7D-BHjFP)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရေးအတွက် စားသုံးသူအသိပညာပေးဟောပြောပွဲများ လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/369_0.jpg?itok=eg4QNBUT)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ၃၁.၈.၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပန်းတနော်မြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ ဖိုးလမင်းဆန်စက်သို့ ကွင်းဆင်းလေ့လာစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/nn4.jpg?itok=pgUVOyb9)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကုန်စည်များကို ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/368_0.jpg?itok=n_UjuMgi)