သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကတ်တောင်အုပ်စု၊ ကတ်ကျောင်းကျေးရွာအတွင်းရှိ “ရွှေချယ်ရီ” အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိရေးတို့နှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး သောက်ရေသန့်ထုတ်လုပ်သည့် စီ
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ၊ ဦးမျိုးဝင်းနိုင်နှင့်ဝန်ထမ်းများသည် (၄-၉-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဘားအံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က - ၃ အစည်းဝေးခန်းမတွင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရသည်။
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ပုဂ္ဂလိကဆေးဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးရောင်းချခြင်းရှိ/မရှိနှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်စုံဆိုင်များအား (၃၁-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများဦးဆောင်၍ ခရိုင်အသေးစားစက်မှုူလက်မှုလုပ်ငန်းဦးစီးဌာနတို့နှင့်အတူ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ငြိမ်းချမ်းရေးရပ်၊ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းသောအစားအသောက်များ ရွေးချယ်ဝယ်ယူစားသုံးနိုင်စေရေးရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများဟောပြောခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှဦးဆောင်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့ပူးပေါင်း၍ (၂၂-၈-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ပုဂံမြို့ရှိ ဓမ္မရာဇာဘုရားတွင်လည်းကောင်း၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် လောကနန္ဒာဘုရားတွင်လည်းကောင်း ပုဂံဒေသထွက် လက်ဆောင်ပစ္စည်းထုတ်လုပ်ရောင်းချသော စီးပွား