
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး ၏လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ် အသားများပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြု လျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှု များဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းကို မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍ သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၅ခုနှစ်၊ ဩဂုတ်လအတွင်း ပခုက္ကူခရိုင်အနေဖြင့် ခရိုင်ဦးစီးမှူးနှင့် ဦးစီးအရာရှိတို့က ဦးဆောင်၍ ပခုက္ကူ မြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့်ဝန်ထမ်းများသည် တိုင်းရင်း ဆေးအမျိုးမျိုးအားဦးစားပေးကုန်စည်အဖြစ် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော် ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပခုက္ကူမြို့ပေါ် ရပ်ကွက် များရှိ တိုင်းရင်းဆေးများနှင့်တွဲ၍ ရောင်းချလျက်ရှိသောကုန်စုံဆိုင်၊ တိုင်းရင်းဆေးဆိုင်များ တွင်(၂)ကြိမ်၊ အ.ထ.က (၁/၃/၅)နှင့် အ.လ.က(၁) ကျောင်းမုန့်ဈေးတန်းများတွင်(၄)ကြိမ်၊ စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း(၁) ကြိမ်၊ ဆိပ်ဖြူမြို့နယ်မှ အနောက် ပိုင်းရပ်ကွက်ရှိ စားသုံးဆီဆိုင် များတွင်(၁)ကြိမ်၊ ဂန့်ဂေါမြို့မဈေးရှိ ဆေးဆိုင်များတွင်(၁)ကြိမ်၊ စုစုပေါင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း (၉)ကြိမ်၊ ဈေးကွက်မရောက်မီ ဆုံဆီထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များထံသို့ ကွင်းဆင်းဆောင်ရွက်ခြင်းအား ပခုက္ကူမြို့မှ (၁)ကြိမ်၊ဆိပ်ဖြူမြို့မှ(၁)ကြိမ်၊ အထူးဈေးကွက် အနေဖြင့် စားသုံးဆီ၊စက်သုံးဆီနှင့်ဆေးဝါးများအား သတ်မှတ်ရည်ညွှန်းဈေးများနှင့် အချင်အတွယ် မှန်ကန်မှုရှိစေရန် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း ဆောင်ရွက်ကွင်းဆင်းခဲ့ပြီး ဌာန၏ဥပဒေ၊ အမိန့် နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာများကို အသိပညာပေး ဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။
ထို့ပြင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော ယခင်အွန်လိုင်းမှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်မျာနှင့်ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များသိရှိစေရန် အသိ ပညာပေး ခြင်း၊ အွန်လိုင်းမှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်ထံသို့ သွားရောက်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းနှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အွန်လိုင်း မှတ်ပုံတင် ရန်အတွက် အသိပညာပေးခြင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ (အင်တာနက် ဝန်ဆောင်မှု)ကဏ္ဍစုံအား ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်း၍ (အင်တာနက် ဝန်ဆောင်မှု)လုပ်ငန်းများဆောင်ရွက်သည့် ဆိုင်များသို့သွားရောက်၍ ဆက်သွယ် ရေးဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)