သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ် မြဝတီရပ်ကွက်၊ ရွှေကူကြီးမင်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ(၁၂၀)ဦးအား (၃.၉.၂၀၂၃)နေ့ နေ့လယ်(၁၃:၀၀)နာရီတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/12.6_0.jpg?itok=NWPqPFPm)
ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်မြို့နယ်တာဝန်ခံတို့သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာ( ၂ )ရက်နေ့၊ ညနေ( ၁၇:၀၀ )နာရီခွဲအချိန်တွင် ခရိုင်စားသုံးသူရေးရာရုံး၌ စားသုံးဆီ ဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/12.5_0.jpg?itok=k1rxltJd)
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာ(၅)ရက်နေ့၊ နေ့လယ် (၁၁:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့ ထောင်မှူးချောင်ကျေးရွာ (အ.မ.က)ကျောင်းတွင် ကျောင်းသား / ကျောင်းသူ(၁၀၀)ဦးနှင့် ဆရာ/ဆရာမ(၅)ဦး၊ စုစုပေါင်း(၁၀၅)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/12.4_0.jpg?itok=N4NTrQAu)
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးသိန်းမောင်သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့၊ နေ့လယ်(၁၆:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် တညင်ကုန်းကျေးရွာရှိ ပြည်သူများအား လက်လီဈေးကားဖြင့် စားအုန်းဆီ တစ်ပိဿာလျှင်(၄၆၀၀) ကျပ်နှုန်းဖြင့် ရောင်းချနေမှုအား ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/12.3.jpg?itok=c2c9uErV)
ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ( ၄ ) ရက်နေ့၊ နံနက် ( ၁၀:၃၀ )နာရီအချိန်တွင် ကျိုက်လတ်မြို့အမှတ်(၆)ရပ်ကွက်ရှိ ပြည့်လျှံဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/12.2_0.jpg?itok=oQ8Wz-dl)