သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့၊ ကောင်းမှုတော် အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/13.2_0.jpg?itok=wmuNQIH2)
တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်၊ စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၀၅၀၀ ကျပ်၊ ကြက်သွန်နီမှာ တစ်ပိဿာလျှင် အသေး ၂၄၀၀ ကျပ်၊ အလတ် ၂၈၀၀ ကျပ်၊ အကြီး ၃၂၀၀ ကျပ်နှင့် တရုတ်ကြက်သွန်နီ ၃၂၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/အခြေခံ_4.jpg?itok=WfpUDSsi)
တောင်ငူမြို့၊ အမှတ်(၁)ရပ်ကွက်၊ အခြေခံညာအလယ်တန်းကျောင်း(ခွဲ)၊ ထီးလှိုင်ရှိ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၂၉ ရက် နံနက်ပိုင်းက ယင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/13.1_0.jpg?itok=wUO2I54e)
၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၆)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ ကွန်ကရစ်လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/407.jpg?itok=FSfYiOaE)
(၆-၉-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျိုက်မရောမြို့၊ အ.ထ.က (ခွဲ) ကျွန်းရွာကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် အ.ထ.က (ခွဲ) ကျွန်းရွာကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/406_0.jpg?itok=RQ3mPimt)