သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံသည် ဒုတိယ-ခရိုင်ဦးစီးမှူးဦးစိုးမင်းထိုက်ဦးဆောင်သည့် ပူးပေါင်းအဖွဲ့နှင့်အတူ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁၇)ရက်နေ့ နံနက်(၁၁:၀၀)နာရီတွင်ဒေးဒရဲမြို့ အမှတ်(၁)ရက်ကွက် စကားဝါလမ်းရှိ ဒေါ်ချို(ခေါက်ဆွဲဖက်)လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်ဒေါ်ချိုနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/22.23.jpg?itok=DgSyN55Q)
ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁၇)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ကျိုက်လတ်မြို့ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်တာဝန်ခံရုံးတွင် ငါးရံ့ခြောက်ဖုတ်လုပ်ငန်းရှင်( ၇ )ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/22.22.jpg?itok=uTtGk2UC)
၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၇ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်အထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းစုစုပေါင်း (၃၁) ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/294_0.jpg?itok=gTjpFdZs)
ဧရာဝတီတိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေး ၊ အရင်းမပျောက် မတည်ရန်ပုံငွေ (၈၆) ဘီလီယံဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် သွင်းအားစုများ ဖြန့်ဖြူးရေးအတွက် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ဦးဆောင်၍ အဖွဲ့ဝင် တိုင်းအဆင့်ဌာနဆိုင်ရာ (၉) ဦးနှင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မိုးစပါးစီမံကိန်းဆောင်ရွက်ရာတွင် လုပ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/637 မိုးစပါး စီမံကိန်း (1).jpg?itok=22Eaj0fY)
(၁၆-၈-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များအကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ပြုလုပ်၍ ဟောပြောဆွေးနွေးခဲ့ကြောင်းသိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/298.jpg?itok=xEUytbRd)