
၂၄.၈.၂၀၂၅ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် ကျိုက်မရော မြို့နယ်၊ ရှင်စောပုရပ်ကွက် အထရံခန်းမ၌ ဒေသခံပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက မြန်မာ အီလက်ထရောနစ်မဲပေးစက် အကြောင်းရှင်းလင်းပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်မြင့်သက်ထွေးက ရွေးကောက်ပွဲဥပဒေများကိုရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့်လက်တွေ့ စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA (မွန်)