သတင်းနှင့် လှုပ်ရှားမှုများ
ကယားပြည်နယ်တွင် ပြောင်းကိုအဓိကစိုက်ပျိုးပြီး အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်း (၂)မျိုးစလုံးကိုစိုက်ပျိုးကြပါသည်။ ဖူးစားပြောင်းတွင် ရှမ်းပြောင်းဖူးနှင့် သကြားပြောင်းဖူးဟူ၍ရှိရာ အစေ့ထုတ်ပြောင်းကို မိုးရာသီနှင့် ဆောင်းရာသီတွင်စိုက်ပျိုးကြပြီး ဖူးစားပြောင်းများကို (၁၂) ရာသီစိုက်ပျိုးကြကာ (၃)လကြာလျှင် ဈေးကွက်သို့ရောင်းချနိုင်၍ ငွေပေါ်လွယ်သောသီးနှံဖြစ်ပါသည်။
မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှုဖြင့် စားသုံး/ ထုတ်လုံဌာနခွဲမှ ဝန်ထမ်းများသည် မကွေးမြို့ အောင်မေတ္တာရပ်ရှိ ကောင်းစိန်အမှတ်တံဆိပ် မုန့်ဖတ်ခြောက်နှင့် ကောင်းဆန်းအမှတ်တံဆိပ် အဆင့်မြင့်ခေါက်ဆွဲခြောက်လုပ်ငန်းသို့ သွားရောက်ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ၎င်းလုပ်ငန်းသည် အလတ်စား စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပြီး ဈေးကွက်မှာ မကွေးမြို့ပေါ်ရှိ ဈေးများသို့ ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။ အဓိက ကုန်ကြမ်းမှာ ဆန်နှင့် ဆန်ထွက်
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/22.12_1.jpg?itok=iiuGklAe)
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၁၈-၈-၂၀၂၃) ရက်နေ့တွင် ဗန်းမော်မြို့၊ တာမိုင်းလုံကျေးရွာရှိ လယ်ယာထွက်ကုန်သီးနှံရောင်းဝယ်ရေးစီးပွားရေးလုပ်ငန်းရှင်(၂)ဦးအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/285.jpg?itok=Q_HxDYeK)
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင် (ဦးစီးအရာရှိ)သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့က စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ကြောင်း သိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/22.6_0.jpg?itok=LO7RHYej)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များသုံးစွဲနိုင်ရန်နှင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းအား ၂၀၂၃-ခုနှစ် ဩဂုတ်လ(၁၄)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦး၊ ကသာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကသာမြို့ရှိ ကုန်စုံဆိုင် (၂)ဆိုင်အား ကွင်းဆင်း စစ်ဆေး ဆေ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/22.5_0.jpg?itok=UbcPsh0W)