မော်လမြိုင်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများ မြင့်တက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၂၂..၂၀၂ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ နှင့်ပူးပေါင်း၍ မော်လမြိုင်မြို့နယ်အတွင်းရှိ ရွှေမြိုင်သီရိရပ်ကွက်အတွင်းရှိဆေးဆိုင်များနှင့် အောက်လမ်းမကြီး လမ်းဘေးဝဲယာရှိ ဆေးဆိုင်များအား ဆေးနှင့်ဆေးပစ္စည်း‌ဈေးနှုန်းများ မြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာ အဆိုပါဆေးဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများမှာ ဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချခြင်း မရှိကြောင်း၊ ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့်သာ ရောင်းချခြင်းလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA (မွန်)