သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးရည်ရွယ်၍ ဩဂုတ်လ (၁၆)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျုံပျော်မြို့နယ်၊ ကျုံတနီးရွာရှိ သောက်ရေသန့် စက်ရုံသို့သွားရောက်၍ လုပ်ငန်းရှင်တွေ့ဆုံ အသိပညာပေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/21.9_2.jpg?itok=wJ7ZBNpf)
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ် မြို့နယ်တာဝန်ခံသည် ၂၀၂၃ ခုနှစ် ဩဂုတ်လ(၁၅)ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ဘုရားငုတ်တိုကျေးရွာအုပ်စု၊ သံပုရာကွင်းကျေးရွာ၊ အ.ထ.က(ခွဲ)ကျောင်း၌ ဆရာ/ဆရာမ(၂၀)ဦး၊ ကျောင်းသားကျောင်းသူ(၄၈၂)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန အင်္ဂပူမြို့နယ်၊ မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မဲဇလီကုန်းမြို့အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် အချိုရည်အမျိုးမျိုးအား (၁၅.၈.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/21.7.jpg?itok=Iua2teHV)
စားသုံးသူရေးရာဦးစီးဌာန ဟင်္သာမြို့နယ်၊ မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ပဒေသာဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် အချိုရည်အမျိုးမျိုးအား (၁၅.၈.၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/21.6_1.jpg?itok=QtvEhCH6)
စားသုံးသူရေးရာဦးစီးဌာန မြန်အောင်မြို့နယ်၊မြို့နယ်တာဝန်ခံသည် မြန်အောင်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ (၁၁.၈.၂၀၂၃) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကနောင်မြို့၊ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဈေးကားဖြင့် စားအုန်းဆီ (၁)ပိဿာလျှင် (၄၆၀၀) ကျပ်နှုန်း၊ လူတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနေမှုအား ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/21.5_1.jpg?itok=L3yoFlAw)