သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး ဦးကျော်လင်းထွန်းဦးဆောင်သောအဖွဲ့ဝင်များနှင့်အတူ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၆ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တောင်ငူခရိုင်၊ ရေတာရှည်မြို့၌ ရောင်းချနေသော အလှကုန်ပစ္စည်းများ၊ အစားအသောက်များနှင့်ဆေးဝါးများ၌ စားသုံးသူများအား အန္တရာယ်ဖြစ်စေနိုင်မှု ရှိ/မရှိကိုကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/301.jpg?itok=y6l0WW0z)
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးသည် ဦးစီးဌာနကဆောင်ရွက်လျက်ရှိသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဆိုင်ရာများကို အများပြည်သူများသိရှိစေရန် စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များရှိရာသို့ကွင်းဆင်း၍ အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိသကဲ့သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍လည်း Talk Show အစီအစဉ်ဖြင့် အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/300.jpg?itok=0dUvlXC4)
အုတ်တွင်းမြို့နယ်၊ တလုတ်ကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသားကျောင်းသူများသိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၆ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ပူးပေါင်း၍ကျင်းပခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/299.jpg?itok=BNYKoXQd)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၈.၈.၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီက ဝါးခယ်မမြို့နယ် ကျုံမငေး အထကကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/စားသုံးသူကာကွယ်ရေး_1.jpg?itok=Oq71Emx8)
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးစိုးဦး ၊ ပုသိမ်ခရိုင် ဦးစီးမှူး ဦးတင်စိုးလှိုင် ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ ဦးအောင်ငွေတို့သည် ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ (ဗဟိုဈေးကားကြီးကြပ်ရေးအဖွဲ့)မှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ဒုတိယထပ်အစည်းအဝေးခန်းမတွင် zoom meeting ဖြင့် ကျင်းပပြုလုပ်သော လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/စားသုံးဆီအစည်းအဝေး.jpg?itok=v0EUux3A)