ရုံးချုပ်မှကျင်းပပြုလုပ်သော ဝန်ထမ်းထုဆန္ဒ‌ဖော်ထုတ်ပွဲသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တက်ရောက်ခြင်း

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့၊နံနက် (၁၀း၀၀)နာရီအချိန်တွင်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ ကျင်းပပြုလုပ်သော (၉/၂၀၂၅) ကြိမ်မြောက် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ရုံးများရှိဝန်ထမ်းများမှ online virtual ဖြင့် တက်ရောက်ခဲ့ပါသည်။  

  အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး ရုံးချုပ်၊ စီမံရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူးမှ(၈/၂၀၂၅)ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲမှ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

   ဆက်လက်၍ ရုံးချုပ်၊ဌာနခွဲများနှင့်တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးမှ အရာထမ်း/အမှုထမ်းများမှ လိုအပ်သည်များအား ဆွေးနွေးတင်ပြခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကာ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားအား  ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)