ထားဝယ်မြို့တွင် အခြေခံစားကုန်‌စျေးနှုန်းများအား ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့၊ နံနက် (၀၈း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာနမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့များဖြင့် ပူးပေါင်း၍ ထားဝယ်မြို့၊ ကမ်းနားပျံကျစျေးနှင့် ဆန်ဆိုင်များသို့သွားရောက်၍  အခြေခံစားကုန် စျေးနှုန်း များအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ထားဝယ်မြို့၊ ကမ်းနားစျေးအတွင်းရှိ ဟင်းသီး ဟင်းရွက်စျေးနှုန်းများ၊ ကုန်ခြောက်စျေးနှုန်းများ၊ အသား၊ ငါးစျေးနှုန်းများ၊ ကြက်ဥစျေးနှုန်းများ၊ ဆန်စျေးနှုန်းများအား မေးမြန်းစုံစမ်းခြင်း ‌ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)