သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံ လူတန်းစားများကို ဆန် ၊ ဆီ ၊ အသား နှင့် ငါးများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး နေပါသည်။ အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ယခုအပတ်တွင် ဆန် (၁) ပြည် ၂၅၀၀ ကျပ်၊ ဆီ (၅၀)ကျပ်သား တစ်ဘူးလျှင် ၃၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၅၀၀၀ ကျပ် နှင့် ကြက်ဉ(၁)လုံး လျှင် ၂၅၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/17.21.jpg?itok=vJt3u33Y)
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ဌာနဆိုင်ရာ အကြီးအကဲများခရီးစဉ်တွင် မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လှည့်လည်ကြည့်ရှု့စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အတွက် ညောင်လေးပင်ခရိုင် ၊ ညောင်လေးပင်မြို့သို့ ရောက်ရှိသည့်အချိန်၌ အဆင်သင့် ကြည့်ရှု့ နိုင်ရန်ရည်ရွယ်၍ ညောင်လေးပင်မြို့ ၊ မြို့မ(၃) ၊ ရွာသစ်ရပ်ကွက်အတွင်း ‘မြင့်မိုရ်မေမေ’ မုန့်မျိုးစုံလုပ်ငန်းနှင့် ဒိုက်ဦးမြို့နယ်မှ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/17.19.jpg?itok=3X-JfUfq)
၁၀.၈.၂၀၂၃ရက်နေ့တွင် ညောင်လေးပင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ် တာဝန်ခံ ဦးမျိုးမြင့်သည် သမဝါယမဦးစီးဌာနနှင့်အတူပူးပေါင်း၍ အမှတ်(၉) ဖအောင်ဝဲရပ်ကွက်ရှိ ‘လမင်း’မုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/17.18.jpg?itok=y_FiDE-x)
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်သည် နှမ်း၊ ဝါနှင့် ပဲမျိုးစုံသီးနှံတို့စိုက်ပျိုးထွက်ရှိရာဒေသဖြစ်ပြီး ယခု၂၀၂၃ခုနှစ်၊ ဩဂုတ်လတွင် ပဲတီစိမ်းသီးနှံများစတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/231_0.jpg?itok=CSAxiP4K)
စားသုံးသူရေးရာဦးစီးဌာနသည် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရှိစေရန် “ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ဈေးကွက်အတွင်းရှိ အသင့်သောက်အချိုရည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြစ်ကြောင်းသိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/230_0.jpg?itok=wgnOIAjH)