သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၉-၈-၂၀၂၃) ရက်နေ့တွင် (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့ရှိ Good Brother ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၆၄.png?itok=xqrf-HRf)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း စားအုန်းဆီစျေးနှုန်းမှာ တစ်ပိဿာလျှင်ကျပ် ၈၇၀၀ ရှိခဲ့ပြီး သြဂုတ်လ ဒုတိယပတ်အတွင်း တစ်ပိဿာလျှင် ကျပ် ၉၅၀၀ ဖြင့် အရောင်းအဝယ်ရှိ၍ စျေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/16.12.jpg?itok=oFwaQ0rc)
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှုးရုံးမှ ပြည်နယ်ဦးစီးမှူးသည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၉)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မိုင်းလုံးရပ်ကွက်၊ Royal Village စားသောက်ဆိုင်၌ ပြည်နယ်အတွင်း ကူးသန်းရောင်းဝယ်ရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ MSME လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကယားပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(၉)ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/လုပ်ငန်းရှင် (1).jpg?itok=Bx9MQPwI)
၂၀၂၃ခုနှစ်၊ သြဂုတ်လ ၇ရက်နေ့နှင့် ၁၁ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ စားသောက်ကုန်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၆၃_1.jpg?itok=m3Bbn-nu)
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ (၁၀-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူး၊ ဦးသန်းဦးနှင့် ဆန်စပါးကုန်သည်များအသင်း၊ ကရင်ပြည်နယ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၆၂_1.jpg?itok=IHJt_bz4)