ညောင်တုန်းမြို့နယ် ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေးဟောပြောခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်ဦးစီးမှူးရုံးတွင် ညောင်တုန်းဆီလုပ်ငန်းရှင်များအသင်း ဆီရောင်းချသူ လက်လီ/လက်ကားကိုယ်စားလှယ် (၁၂)ဦးနှင့် တွေ့ဆုံ၍ ၁၉-၈-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီချိန်က ဆီရောင်းချနေမှုနှင့် ဖြန့်ဖြူးမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

          ဆွေးနွေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ပြည်သူများ စားသုံးဆီများကို သက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရန်အတွက် ဌာနမှ ကြပ်မတ်ဆောင်ရွက်နေပြီး ဆီများကို စားသုံးသူတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တဆင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ အသင်းအဖွဲ့နှင့် တာဝန်ရှိသူထံဖြန့်ဝေပြီး ပြည်သူများထံ ရောင်းချနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အနေဖြင့် ရရှိသော ဆီများကို ပြည်သူ များထံ လက်ဝယ်အရောက်ဖြန့်ဖြူးရောင်းချရန်လိုအပ်ကြောင်း၊ ပြည်တွင်းစားသုံးဆီ ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးနဲ့ စားသုံးဆီတွေ စနစ်တကျ ဖြန့်ဖြူးရောင်းချနေကို ဌာနအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။ မြို့နယ် ဆီရောင်းချသူများအနေဖြင့် သတ်မှတ်ချက်များအတိုင်းလိုက်နာ၍ ရောင်းချရန်နှင့် မြို့နယ်အတွင်း စားသုံးဆီဖူလုံ စွာအသုံးပြုနိုင်ရေး ဦးစားပေးဆောင်ရွက်ရန်နှင့် သိုလှောင်ထားခြင်းများ မပြုရန် စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)