သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများကို လစဉ်လျာထားချက်များ ပြည့်မီအောင်ဆောင်ရွက်လျက်ရှိရာ (၄.၈.၂၀၂၃)ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် မကွေးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၃ခုနှစ်၊ မိုးရာသီ စိုက်စရိတ်ချေးငွေလာရောက် ထုတ်ယူသော အလယ်ဘိုကျေးရွာအုပ်စု (အလယ်ဘို၊ အင်ပင်ကန်၊ လက်ပံရွာသစ်၊ ကံဆွယ်၊ ဖလံတောနှင့် သာကုန်းစမ်း) ကျေးရွာများမှ တောင်သူများအား စား
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/16.23.jpg?itok=2ubUvkNU)
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းဆောင်ရွက်နေသည့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကြီးနီစံပြကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ (၅.၈.၂၀၂၃)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/16.22.jpg?itok=pTPznBBR)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ (၁၁) ရက်နေ့၊ နံနက် (၁၀ : ၃၀) နာရီတွင် ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးကျော်စိုးရီ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ဖြူဖြူလတ်တို့သည် ဒေးဒရဲမြို့နယ်နှင့် ကျိုက်လတ်မြို့နယ်များရှိ ကုန်မျိုးစုံရောင်းချလျက်ရှိသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ဒေးဒရဲ၊ ကျိုက်လတ်လုပ်ငန်းရှင်တွေ့ဆုံ.jpg?itok=YdXFVLqa)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၉-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရုံးခန်း၌ပြုလုပ်သော တိရိစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးအသိပညာပေးဟောပြောပွဲ၌ စားသုံးသူအသိပညာများဟောပြောခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၇၅_0.jpg?itok=slfoVQNC)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဉီးမြင့်ဌေးသည် (၉-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ရွေးဧရာလမ်းရှိ တိုးတက်ဟန်မုန့်ဟင်းခါးခေါက်ဆွဲလုပ်ငန်းသို့ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၇၄_0.jpg?itok=yHPbH37w)