
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် မအူကုန်ရပ်ကွက်၊ ဦးအောင်သက်ခိုင် Aroma ရေသန့်လုပ်ငန်းရှင်နှင့် ( ၁၈.၈.၂၀၂၅ ) ရက်နေ့ ၊ နေ့လယ် ( ၁၀:၀၀ ) နာရီအချိန်တွင်၊ လက်ပံတန်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ မှတွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီဖြန့်ဖြူး ရောင်းချရန်၊ ကုန်စည်၏ အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း ဥပဒေအခန်း(၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူ လက်ခံနိုင်သည့်အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ပါသည်။
DOCA(ပဲခူး)