သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
17 Aug 2023

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  ပခုက္ကူခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၊ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်  (၉-၈-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံးခန်းမ၌ မိဘပြည်သူ(၁၅)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။

17 Aug 2023

      မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ Mandalay Beverages Enterprise Company Limited သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့၊ ဆတ်သေကျေးရွာရှိ ဇော်ဆန်စက်နှင့်စာချုပ်ချုပ်ဆို၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်နှင့် ဆန်ထွက်ပစ္စည်းများတင်ပို့နိုင်ရေးအတွက် The General Administration of Customs of the People’s Republic of China (GACC) မှတ်ပုံတင်လက်မှတ် လျှောက်ထားပါသဖြင့် ဩဂုတ်လ ၈ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာ့ကုန်ပစ္စည်း

17 Aug 2023

     ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်  ၊  ကျောက်တံခါးမြို့နယ်အတွင်းရှိ  အခြေခံ လူတန်းစားများကို ဆန် ၊ ဆီ ၊ အသား နှင့် ငါးများကို  သက်သာသော ဈေးနှုန်းဖြင့်  ရောင်းချပေး နေပါသည်။ အခြေခံလူတန်းစားများ  စားဝတ်နေရေး  အဆင်ပြေစေရန်အတွက် ယခုအပတ်တွင် ဆန်  (၁)  ပြည် ၂၅၀၀ ကျပ်၊ ဆီ (၅၀)ကျပ်သား တစ်ဘူးလျှင် ၃၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၅၀၀၀ ကျပ် နှင့် ကြက်ဉ(၁)လုံး လျှင် ၂၅၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေပါသည်။

17 Aug 2023

     ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ဌာနဆိုင်ရာ အကြီးအကဲများခရီးစဉ်တွင် မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လှည့်လည်ကြည့်ရှု့စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အတွက် ညောင်လေးပင်ခရိုင် ၊ ညောင်လေးပင်မြို့သို့ ရောက်ရှိသည့်အချိန်၌ အဆင်သင့် ကြည့်ရှု့ နိုင်ရန်ရည်ရွယ်၍ ညောင်လေးပင်မြို့ ၊ မြို့မ(၃) ၊ ရွာသစ်ရပ်ကွက်အတွင်း ‘မြင့်မိုရ်မေမေ’ မုန့်မျိုးစုံလုပ်ငန်းနှင့် ဒိုက်ဦးမြို့နယ်မှ

17 Aug 2023

      ၁၀.၈.၂၀၂၃ရက်နေ့တွင်  ညောင်လေးပင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ၊  ဒိုက်ဦးမြို့နယ် တာဝန်ခံ ဦးမျိုးမြင့်သည် သမဝါယမဦးစီးဌာနနှင့်အတူပူး‌ပေါင်း၍ အမှတ်(၉) ဖအောင်ဝဲရပ်ကွက်ရှိ ‘လမင်း’မုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

Pages