သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်မှ မြို့နယ်တာဝန်ခံသည် တလုတ္ထော်မြို့၊ အမှတ်(၁) ရပ်ကွက်ရှိ ဘုန်းကြီးကျောင်း၌ ဈေးဆိုင်လုပ်ငန်းရှင်များအား (၄-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်မှ မြို့နယ်တာဝန်ခံသည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မေရီလန်းကျေးရွာအုပ်စု၊ စိုက်ပျိုးရေးစခန်း၌ စားသုံးသူ(၅၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာများဟောပြောပေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်မြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၄-၈-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၁:၃၀)နာရီအချိန်တွင် ဈေးရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များ၌ရောင်းချနေသော ကုန်ပစ္စည်းများကို ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် စက်မှုကြီးကြပ်၊ မြို့နယ်စည်ပင်၊ ဆန်စက်လုပ်ငန်းရှင်များအသင်းတို့နှင့်ပူးပေါင်း၍ (၁၀-၈-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးခန်းတွင်ပြုလုပ်သော ငါးပုံ/ဟာလာနှင့် (၁၅)တန်နှင့်အထက် ဆန်စက်လုပ်ငန်းလိုင်စင်ပြုလုပ်နိုင်ရေး ဆွေးနွေးပွဲ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ပေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၁၄-၈-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
