သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၆-၈-၂၀၂၃) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ကျိုက်ထိုမြို့၊ ရှမ်းဈေးနှင့် ဗိုလ်ချုပ်လမ်းတို့၌ရောင်းချနေသော ဆိုင်များတွင် အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့တွင် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်မှု၌ နိုင်ငံတော်ကချမှတ်ထားသည့် စစ်ကြောင်း (၅) ကြောင်းကို ပုံသဏ္ဍာန်ဖော်၍ ဟောပြောပွဲကို (၁၅-၈-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ကင်းမော်ရွာ၊ မူလတန်းကျောင်း၌ သံတွဲမြို့စစ်ကြောင်း(၅)မှ တာဝန်ရှိသူများသည် ကျေးရွာနေပြည်သူများအား အသိပညာများပေးခဲ့ကြပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၉)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ထောင်မှူးချောင်ကျေးရွာရှိ agristar ဆန်စက်သို့သွားရောက်၍ စက်ရုံမန်နေဂျာ ဒေါ်ဇင်ဇင်ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့၊ အမှတ်(၁) ရပ်ကွက်၊ (၂၈)လမ်းရှိ "အောင်" စက်မှုလက်မှုလုပ်ငန်းသို့ သွားရောက်၍ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ( ၉ )ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်အတူပူးပေါင်း၍ ဒေးဒရဲမြို့၊ လေးအိမ်ကုန်း အ-ထ-က( ခွဲ )ကျောင်း၌ ဆရာ/ဆရာမ( ၁၈ )ဦး၊ ကျောင်းသား/ကျောင်းသူ(၂၅၀)ဦး၊ စုစုပေါင်း(၂၆၈) ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးခဲ့ကြပါသည်။
