သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန အင်္ဂပူမြို့နယ်၊ မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မဲဇလီကုန်းမြို့အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် အချိုရည်အမျိုးမျိုးအား (၁၅.၈.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန ဟင်္သာမြို့နယ်၊ မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ပဒေသာဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် အချိုရည်အမျိုးမျိုးအား (၁၅.၈.၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန မြန်အောင်မြို့နယ်၊မြို့နယ်တာဝန်ခံသည် မြန်အောင်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ (၁၁.၈.၂၀၂၃) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကနောင်မြို့၊ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဈေးကားဖြင့် စားအုန်းဆီ (၁)ပိဿာလျှင် (၄၆၀၀) ကျပ်နှုန်း၊ လူတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနေမှုအား ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ရုံးချုပ် (နေပြည်တော်) ၊ ရုံးအမှတ် (၅၂) တွင် ဩဂုတ်လ (၁၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီတွင် Virtual စနစ်ဖြင့် Commodity Price Data Base Software သုံးစွဲခြင်းအတွက် လိုအပ်ချက်များ ထပ်မံ ရှင်းလင်းခြင်း အစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးမှ လုပ်ငန်းတာဝန်ခံများ တက်ရောက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၄.၈.၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀)နာရီက မြို့ပေါ်ရှိ စားသုံးဆီရောင်းချနေသော ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ပြည့်စုံမှုရှိမရှိကို နယ်မြေဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
