
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့ နယ်ဦး စီးမှူးရုံးသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၁.၈.၂၀၂၅)ရက်နေ့ ၊ နံနက် (၁၀:၀၀)အချိန် ညောင်တုန်း မြို့နယ် အရွဲကျေးရွာ ရွှေဝါနဒီ ဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆန်စက် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ရွှေဝါနဒီ ဆန်စက်လုပ်ငန်းရှင် ဦးလူမော်မြင့်မောင်နှင့် တွေ့ဆုံ၍ ဆန်စက်တွင် ဆန်ကြိတ်ခွဲထုတ်လုပ်မှု အခြေအနေ၊ ဆန်သိုလှောင်ထားရှိမှု အခြေအနေများ၊ ဆန်တင်ပို့ရောင်းချမှု ဈေးကွက်အခြေအနေများ၊ ဆန်စက်အဆင့်အတန်းနှင့် Gasifier သုံးစနစ်ဆောင်ရွက်မှု အခြေအနေများကို စက်ရုံအတွင်းကြည့်ရှုလေ့ လာခဲ့ပြီး ရွှေဝါနဒီ ဆန်စက်မှ အဆင့်မြင့်တင်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နိုင်ရေး ဆန်ထွက် ပစ္စည်းများ ဈေးကွက်အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန် လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေးခြင်းနှင့် ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေအတွက် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)