သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Aug 2023

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့်ဝန်ထမ်းများသည် (၁၆-၈-၂၀၂၃)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ဓနုဖြူမြို့၊ အချိုရည်လက်ကား၊ လက်လီအရောင်းဆိုင်(၃)ဆိုင်သို့သွားရောက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

22 Aug 2023

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်းကာ (၁၆-၈-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၄၀) နာရီအချိန်တွင် ဓနုဖြူမြို့၊ မြို့မဈေး၊ ဇကာကြီးဈေးရှိ စားသုံးဆီရောင်းချနေသော စားသောက်ကုန်စုံဆိုင်(၆)သို့သွားရောက်၍ ရောင်းချနေသောစားသုံးဆီအမျိုးမျိုးတွင် ဘေးအန္တရာယ်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များပါဝင်မှုရှိ/မရှိတို့ကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်လံစစ်ဆေးခဲ့ကြပါသည်။

22 Aug 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး မအူပင်မြို့နယ်အတွင်း အချိုရည်အရောင်းဆိုင်များတွင်ရောင်းချနေသော အသင့်သောက်အချိုရည်များ၌ ကုန်အညွှန်းအမှတ်အသားပါဝင်ခြင်းရှိ/မရှိကို (၁၆-၈-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မအူပင်မြို့ပေါ်ရှိ အချိုရည်အရောင်း(၄)ဆိုင်သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

22 Aug 2023

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအနေဖြင့် အပတ်စဉ်အလိုက် Thursday Talk ဆွေးနွေးပွဲကိုလေ့ကျင့်ပြုလုပ်ပြီး စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သော “စားသုံးသူအခွင့်အရေး ဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များကိုဟောပြောဆွေးနွေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာန၏ ဌာနလုပ်ငန်းများကျွမ်းကျင်ရုံသာမက အတွေ့အကြုံဗဟုသုတရှိစေရန်ရည်ရွယ်၍ လူငယ်များအား လေ့ကျင့်ဟောပြောမှုကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

22 Aug 2023

  စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး (ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများသည် (၁၆-၈-၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် အခွန်လွတ်ဈေး၊ မြို့မဈေး၊ မင်္ဂလာဈေးအတွင်းရှိ စားသုံးဆီများရောင်းချနေသော ကုန်မျိုးစုံဆိုင်(၈)ဆိုင်သို့သွားရောက်ကွင်းဆင်း၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)အရ ဖော်ပြပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများပြည်စုံစွာဖော်ပြပါဝင်ခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

Pages