သတင်းနှင့် လှုပ်ရှားမှုများ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ သြဂုတ်လ(၁၈) ရက်နေ့တွင် အောင်ဇမ္ဗူဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များဝယ်ယူစားသုံးနိုင်ရေးရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများဟောပြောခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၁၇-၈-၂၀၂၃)ရက်နေ့၊ နေလယ်(၁၃:၀၀)နာရီအချိန်တွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ရန်အတွက် (၁၄-၈-၂၀၂၃)ရက်နေ့တွင် အလယ်ပိုင်းရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ဆရာ/ဆရာမ(၁၄)ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၉၀)ဦး၊ စုစုပေါင်း(၂၀၄)ဦးနှင့် (၁၅-၈-၂၀၂၃)ရက်နေ့တွင် ယောဝရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်း၌ ဆရာ/ဆရာမ(၉)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၇၁)ဦး၊

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးသည် (၁၆.၈.၂၀၂၃) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ၎င်း၏ရုံးခန်း၌ မကွေးတိုင်းဒေသကြီးအတွင်းရှိ စားအုန်းဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသည့် ဆီကုန်သည် (၂၂) ဦးအား ခေါ်ယူတွေ့ဆုံပြီး လက်ရှိဖြစ်ပေါ် နေသော ဆီဈေးနှုန်းကြီးမြင့်နေမှုအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးကွက်/ ဈေးနှုန်းများဖြင့် ရောင်းချဖြန့်ဖြူးကြရန်၊ ဆီကုန်သည်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဒေသတွင်း ဆီဈေးနှုန်းများ အတတ်နိုင်ဆုံး တည်ငြိမ်ရေးနှင့် ဈေးနှုန်းကျဆင်းရေးအတွ

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် မင်းဘူးခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၁၄.၈.၂၀၂၃)နေ့ နံနက်(၀၇:၀၀)နာရီ အချိန်တွင် ပွင့်ဖြူမြို့နယ် ကုန်းဇောင်းဈေး၌ ကျင်းပသော ပလတ်စတစ် ကြွပ်ကွပ်အိတ်သုံးစွဲမှုလျော့ချစေရေး Compaing များပြုလုပ်ခြင်းနှင့် စားသုံးသူများ အစားအစာဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးအတွက် ကွင်းဆင်းပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
