သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Aug 2023

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည်   ကျန်းမာရေးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်   ဖျာပုံမြို့ အမှတ်(၇)ရပ်ကွက် အမှတ်(၉)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

22 Aug 2023

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည်  ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊  ဩဂုတ်လ(၁၇)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့ (အ.ထ.က-၂) ကျောင်းကျန်းမာရေး သတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားတွင် ကျောင်းသား / ကျောင်းသူများအား  စားသုံးသူကာကွယ်ရေး  အသိပညာပေးဟောပြောခြင်းကို   ဆောင်ရွက်ခဲ့ပါသည်။

22 Aug 2023

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ သက်ဆိုင်ရာဌာနများအလိုက် သိသင့်သိထိုက်သည့်အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများကျင်းပပေးလျက်ရှိကြောင်း သိရှိရပါသည်။

22 Aug 2023

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံသည်   ဒုတိယ-ခရိုင်ဦးစီးမှူးဦးစိုးမင်းထိုက်ဦးဆောင်သည့် ပူးပေါင်းအဖွဲ့နှင့်အတူ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁၇)ရက်နေ့  နံနက်(၁၁:၀၀)နာရီတွင်ဒေးဒရဲမြို့ အမှတ်(၁)ရက်ကွက် စကားဝါလမ်းရှိ ဒေါ်ချို(ခေါက်ဆွဲဖက်)လုပ်ငန်းသို့  သွားရောက်၍ လုပ်ငန်းရှင်ဒေါ်ချိုနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

22 Aug 2023

    ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်  ဝန်ထမ်းများသည်၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁၇)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ကျိုက်လတ်မြို့ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်တာဝန်ခံရုံးတွင် ငါးရံ့ခြောက်ဖုတ်လုပ်ငန်းရှင်(   ၇   )ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

Pages