သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ ကမ္ဘာ့စျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင

စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုရယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်စေရေးရည်ရွယ်၍ ဈေးကွက်အတွင်းရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးတို့၏ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်မှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိရာ (၁၆-၈-၂၀၂၃)ရက်နေ့တွင် ပြည်မြို့၊ မြို့မဈေးသို့လည်းကောင်း၊ ရွှေတောင်မြို့၌ (၉-၈-၂၀၂၃)ရက်နေ့တွင် သရက်တောရပ်ကွက်နှင့် (၁၁-၈-၂၀၂၃) ရက်နေ့တ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များကို စိုက်ပျိုး၊ မွေးမြူ ထုတ်လုပ်သူများမှ ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်း ရွက်သီးနှံများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေးရှေ့၌ နံနက် (၇:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင် ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၃ခုနှစ်၊ သြဂုတ်လ( ၂၁ ) ရက်နေ့ ၊နံနက်(၁၀:၃၀)နာရီအချိန်၌ ကလေးမြို့(အ.မ.က-၃) ကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမ ( ၂၀ ) ဦး၊ ကျောင်းသား/သူ ( ၇၀ )ဦး၊ စုစုပေါင်း ( ၉၀ ) ဦးတို့အား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများ စားသုံးသူကာကွယ်ပေးရေးဥပဒေပါ အကြောင်းအရာများကိုသိရှိနားလည်နိုင်စေရေးရည်ရွယ်၍ အခြေခံပညာစာသင်ကျောင်းများ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပြည်မြို့၊ အ-ထ-က (၂) အခြေခံပညာစာသင်ကျောင်း၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်ခရိုင်၊ စားသုံ
