သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Aug 2023

    အုတ်တွင်းမြို့နယ်၊ တလုတ်ကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသားကျောင်းသူများသိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၆ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ပူးပေါင်း၍ကျင်းပခဲ့ပါသည်။

22 Aug 2023

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၈.၈.၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီက ဝါးခယ်မမြို့နယ် ကျုံမငေး အထကကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

22 Aug 2023

       ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးစိုးဦး ၊ ပုသိမ်ခရိုင် ဦးစီးမှူး ဦးတင်စိုးလှိုင် ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ ဦးအောင်ငွေတို့သည် ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ (ဗဟိုဈေးကားကြီးကြပ်ရေးအဖွဲ့)မှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ဒုတိယထပ်အစည်းအဝေးခန်းမတွင် zoom meeting ဖြင့် ကျင်းပပြုလုပ်သော လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

22 Aug 2023

     နှစ်စဉ် မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းဒေသကြီးသည် စပါးအများဆုံးစိုက်ပျိုးသည့် တိုင်းဒေသကြီးဖြစ်ပြီး မိုးစပါးနှင့်နွေစပါးစိုက်ဧက စုစုပေါင်းဧက (၅၂၀၁၇၈၀) စိုက်ပျိုးရာမှ ထွက်ရှိလာသော စပါးတင်းပေါင်း (၄၁၆၁၉၀၂၄၆)တင်း  ကြိတ်ခွဲရာ စပါးခွံတန်ချိန် (၁၈၈၇၈၂၆.၅၇)တန် ထွက်ရှိရာ ယခင်က မြစ်ချောင်းအင်းအိုင်များတွင် စည်းကမ်းမဲ့စွန့်ပစ်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးထိခိုက်မှုမှ ကာကွယ်ရန် ယခုအခါ စပါးခွံကိုအသုံးပြု၍ စပါးခွံလောင်စာတောင့် စက်ရုံ (၅၀)ရုံ၊ စပါးခွံဓာတ်ငွေ့သုံး Gasifier ဖြ

22 Aug 2023

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းသည် (၁၆.၈.၂၀၂၃)ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

Pages