သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးတို့၏ လမ်းညွှန်မှုနှင့် ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မြို့နယ် တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ (၁၁.၈.၂၀၂၃)နေ့ နံနက် (၀၉:၀၀)နာရီ အချိန်တွင် ပွင့်ဖြူမြို့၊ မြို့မဈေးနှင့်မြို့ပေါ်ရပ်ကွက်များရှိကုန်စုံဆိုင်များ၊ စတိုးဆိုင်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြို့မစည်ပင်သာယာဈေးကြီး အတွင်းအပြင်၌ ရောင်းချလျက်ရှိသည် ဈေးသည်များနှင့် ဈေးဝယ်သူများအား သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်း သက်သာစေရေး ပလတ်စတစ် မသုံးစွဲရေးနေ့အဖြစ် သတ်မှတ်ထားရှိမှုကို ပြည်သူများ ပလတ်စတစ်၊ ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ ကြာဖက်များ အခမဲ့ဖြန့်ဝေခြင်းကို (၁၄.၈.၂၀၂၃)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီ အချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၁၄.၈.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၆၅) ဦး၊ ဆရာ၊ ဆရာမ(၅)ဦးနှင့် စုစုပေါင်း (၇၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

ကယားပြည်နယ်တွင် ပြောင်းကိုအဓိကစိုက်ပျိုးပြီး အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်း (၂)မျိုးစလုံးကိုစိုက်ပျိုးကြပါသည်။ ဖူးစားပြောင်းတွင် ရှမ်းပြောင်းဖူးနှင့် သကြားပြောင်းဖူးဟူ၍ရှိရာ အစေ့ထုတ်ပြောင်းကို မိုးရာသီနှင့် ဆောင်းရာသီတွင်စိုက်ပျိုးကြပြီး ဖူးစားပြောင်းများကို (၁၂) ရာသီစိုက်ပျိုးကြကာ (၃)လကြာလျှင် ဈေးကွက်သို့ရောင်းချနိုင်၍ ငွေပေါ်လွယ်သောသီးနှံဖြစ်ပါသည်။
မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှုဖြင့် စားသုံး/ ထုတ်လုံဌာနခွဲမှ ဝန်ထမ်းများသည် မကွေးမြို့ အောင်မေတ္တာရပ်ရှိ ကောင်းစိန်အမှတ်တံဆိပ် မုန့်ဖတ်ခြောက်နှင့် ကောင်းဆန်းအမှတ်တံဆိပ် အဆင့်မြင့်ခေါက်ဆွဲခြောက်လုပ်ငန်းသို့ သွားရောက်ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ၎င်းလုပ်ငန်းသည် အလတ်စား စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပြီး ဈေးကွက်မှာ မကွေးမြို့ပေါ်ရှိ ဈေးများသို့ ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။ အဓိက ကုန်ကြမ်းမှာ ဆန်နှင့် ဆန်ထွက်
