သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဒုတိယတိုင်းဦးစီးမှူး ဦးစိုးဦး၊ စားသုံးသူရေးရာဦးစီးဌာနခွဲတာဝန်ခံ ဦးကျော်စိုးရီနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ဖြူဖြူလတ်တို့သည် ဟင်္သာတမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာရောင်းချလျက်ရှိသော လုပ်ငန်းရှင် (၄)ဦးတို့နှင့် ဩဂုတ်လ (၁၆)ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
.jpg?itok=vj3-Lmp2)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ် (နေပြည်တော်)၊ ရုံးအမှတ် (၅၂) ၌ ဩဂုတ်လ (၁၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် Virtual စနစ်ဖြင့် Commodity Price Data Base Software သုံးစွဲခြင်းအတွက် လိုအပ်ချက်များကို ထပ်မံရှင်းလင်းခြင်းအစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး၊ ဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးမှ လုပ်ငန်းတာဝန်ခံများတက်ရောက်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း MSME များကိုအားပေးမြှင့်တင်ရန် One region One Product ထုတ်ကုန်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် Action Plan ရေးဆွဲရန်တို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာကော်မတီအဖွဲ့ဝင် တိုင်းအဆင့်ဌာနဆိုင်ရာများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-တိုင်းဦးစီးမှူး ဦးစိုးဦးတက်ရောက်ခဲ့ပါသည်။
ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားလာစေရေးအထောက်အကူဖြစ်စေရန်အတွက် ရုံးလုပ်ငန်းသုံး အစီရင်ခံ ကွန်ပျူတာ(မွန်းမံ)သင်တန်းပိတ်ပွဲအခမ်းအနားအား (၁၆-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၆:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တာဝန်ခံသည် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ထွေအုပ်အဖွဲ့နှင့် ပူးပေါင်း၍ ဩဂုတ်လ(၁၆)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာရှိ မိဘမေတ္တာ စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။