သတင်းနှင့် လှုပ်ရှားမှုများ
ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်နှင့်အတူ မင်းကြီးလမ်းရှိ ဖြိုးမိုးစတိုးဆိုင်တွင် ရောင်းချနေသော အချိုရည်မျိုးစုံများအား စားသုံးသူများ ဘေးဥပါဒ်အန္တရာယ် မဖြစ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ပြီး စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ဩဂုတ်လ(၁၆)ရက်၊ နံနက် (၁၀:၀၀) နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးရည်ရွယ်၍ ဩဂုတ်လ (၁၆)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ငပုတောမြို့နယ်တာဝန်ခံရုံး၌ နေလမင်းရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ လုပ်ငန်းရှင်တွေ့ဆုံ အသိပညာပေးခဲ့ပါသည်။

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တာဝန်ခံသည် မြို့နယ်ထွေအုပ်အဖွဲ့နှင့်ပူးပေါင်း၍ ဩဂုတ်လ (၁၆)ရက် ၊နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ်၊ မြို့မစည်ပင်ဈေးရုံးခန်း၌ မုန့်တိုက် လုပ်ငန်းရှင် (၈)ဦးအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးရည်ရွယ်၍ ဩဂုတ်လ (၁၆)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျုံပျော်မြို့နယ်၊ ကျုံတနီးရွာရှိ သောက်ရေသန့် စက်ရုံသို့သွားရောက်၍ လုပ်ငန်းရှင်တွေ့ဆုံ အသိပညာပေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ် မြို့နယ်တာဝန်ခံသည် ၂၀၂၃ ခုနှစ် ဩဂုတ်လ(၁၅)ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ဘုရားငုတ်တိုကျေးရွာအုပ်စု၊ သံပုရာကွင်းကျေးရွာ၊ အ.ထ.က(ခွဲ)ကျောင်း၌ ဆရာ/ဆရာမ(၂၀)ဦး၊ ကျောင်းသားကျောင်းသူ(၄၈၂)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။