သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Aug 2023

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်၊ကျောက်ဖြူမြို့နယ်အနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ၊ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်း ရှိ/မရှိ စားသုံးသူများ နေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှု ရှိစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာတွင် ကျောက်ဖြူခရိုင် ဦးစီးမှူး ဦးအေးကျော် (လ/ထ-ညွှ

22 Aug 2023

    ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးလက်အောက်ရှိ ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းသည် (၁၀-၈-၂၀၂၃) ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ကော့မှူးမြို့နယ်၊ မြို့မစည်ပင်သာယာဈေးနှင့် ဈေးကွက်များရှိ စားသောက်ကုန်စုံပစ္စည်းအရောင်းဆိုင်များသို့သွားရောက်ပြီး အမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခဲ့ကြောင်းသိရပါသည်။

22 Aug 2023

   စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် Coporate Video File ပြုစုထိန်းသိမ်းနည်းနှင့် သတင်းရေးသားနည်းသင်တန်းအား စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ (၁၇-၈-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးနှင့် သင်တန်းသားစုစုပေါင်း (၁၄)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။

22 Aug 2023

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၁၆-၈-၂၀၂၃)ရက်နေ့၊ နံနက် (၁၃း၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ မြို့မရပ်ကွက်ရှိ အချိုရည်လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော ဆိုင်(၄)ဆိုင်သို့သွားရောက်၍ စားသုံးသူများအတွက် ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/မရှိအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသ

22 Aug 2023

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည်(၁၆-၈-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ဈေး၊  မြို့မဈေး၊ ရပ်ကွက်ဈေးအတွင်းရှိ စားသုံးဆီများရောင်းချနေသော ကုန်မျိုးစုံဆိုင် (၈)ဆိုင်သို့သွားရောက်ကွင်းဆင်း၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပါဝင်ခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

Pages