သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
28 Sep 2022

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့သို့ ဇီးကုန်းမြို့ဘက်မှ ယခုနှစ် မိုးစပါးများ စတင်ဝင်ရောက်နေပြီဖြစ်ပါသည်။ ပေါင်းတည်မြို့နယ်တွင် မိုးစပါးအသစ်များ မပေါ်သေးသော်လည်း ဇီးကုန်းမြို့နယ်ဘက်မှ စပါးများဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဝင်ရောက်လာသော စပါးမျိုးများမှာ ရတနာတိုးစပါးဖြစ်၍ နေ့စဉ်ဇီးကုန်းမြို့ဘက်မှ ပေါင်းတည် မြို့သို့ (၆)ဘီး ကား (၄)စီးဖြင့် ဝင်ရောက်မှုရှိပြီး ဆန်စက်များမှ အဝယ်ရှိလျှက်ရှိပါသည်။ ဆန်စက် တွင် အခြောက်ခံ နေလှန်းပြီး ဆန်ကြိတ်၍ ရောင်းချသလို

28 Sep 2022

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ်အတွင်းရှိ သရက်လိန်အုပ်စု၊ သူရဲဇီးကျေးရွာရှိ အ.မ.က (မူလွန်)ကျောင်းများသို့ (၂၀.၉.၂၀၂၂)ရက် နံနက် (၁၀:၀၀) အချိန်တွင် သွားရောက်၍ စားသုံးသူရေးရာကိစ္စရပ်နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။

28 Sep 2022

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာ အုပ်စုများရှိ အခြေခံလူတန်းစား အိမ်ထောင်စုများသို့ စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ခရိုင်ဆီကုန်သည်အသင်းမှ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီရောင်းချပေးလျှက်ရှိကြောင်း သိရှိရပါသည်။

28 Sep 2022

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (၁၅.၉.၂၀၂၂)ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ရွှေဘုံသာအုပ်စု၊ သစ်ဆိမ့်ပင်ကျေးရွာရှိ အခြေခံလူတန်းစား၊ ကျေးလက် နေပြည်သူများသို့ စားသုံးဆီများရောင်းချပေးလျှက်ရှိပါသည်။

28 Sep 2022

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်သည် စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း ခန်းမတွင်ပြုလုပ်သည့် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်၍ စားသုံးသူကာကွယ် ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

Pages