သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Aug 2023

    တရုတ်ပြည်သူ့သမ္မတနိုင်ငံ (GACC) သို့ ဆန်နှင့်ဆန်ကွဲတင်ပို့နိုင်ရန်အတွက် လျှောက်ထားလာသည့်ကုမ္ပဏီများ၏ ဆန်စက်များနှင့် သိုလှောင်ရုံများအား မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးစမ်းသပ်မှုလုပ်ငန်းလီမိတက်မှ စစ်ဆေးရေးမှူးများနှင့် (CTQM) ဌာနမှူး၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်  ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်း မြို့နယ်များရှိ ဆန်စက်များသို့ ကွင်းဆင်းခြင်းကို ဩဂုတ်လ၊ ဒုတိယအပတ်တွင်စတင်၍ ပေါင်းတည

23 Aug 2023

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုး ဦးဆောင်သောဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်း ဦးဆောင်သောဝန်ထမ်းများနှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ဩဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် ဇေယျဝတီမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများအား  စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

23 Aug 2023

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းနှင့်အတူ ဩဂုတ်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းက အုတ်တွင်းမြို့ ကြက်သွန်ခင်း(၁)ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

23 Aug 2023

    ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြိုနယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်နှင့်ဝန်ထမ်းများသည် (၁၆-၈-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဒိုက်ဦးမြို့၊ မြို့မစျေးအပြင်တန်းရှိ ကုန်မျိုးစုံရောင်းချနေသောဆိုင်များသို့သွားရောက်၍ အချိုရည်မျိုးစုံ၌ ကုန်အညွှန်းအမှတ်သားများကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားမှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

23 Aug 2023

   ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မြို့မဈေးနှင့် မြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များသို့သွားရောက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၁၇-၈-၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

Pages