သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
27 Sep 2022

    ပဲခူးတိုင်း‌‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ဖြူးမြို့ အမျိုးသမီး အိမ်တွင်းမှုလုပ်ငန်းပညာသင်တန်း ကျောင်းတွင်ပြုလုပ်သည့်  အသိ ပညာပေးဟောပြောပွဲသို့ တက်ရောက်၍ စားသုံးသူကာကွယ်ရေး ဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

27 Sep 2022

   ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယညာဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ကင်မွန်းခြုံကျေးရွာ အခြေခံပညာမူလတန်း လွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

27 Sep 2022

    ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ဖြူးမြို့နယ်၊ ကျော်လှစုကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

27 Sep 2022

   ကချင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် 20.9.2022ရက်နေ့တွင်မိုးညှင်းမြို့နယ်၊ဆင်ဘိုကုန်းကျေးရွာအတွင်းရှိ  စားသုံးသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

27 Sep 2022

    ကချင်ပြည်နယ်၊ စားသုံးသူရးရာဦးစီးဌာန၊မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းဦးနှင့်ဝန်ထမ်း များသည် 20.9.2022ရက်နေ့တွင် မြစ်ကြီးနားမြို့၊ရမ်ပူရပ်ကွက်ရှိ Very Good မုန်မျိုးစုံထုတ်လုပ်ဖြန့် ဖြူးရောင်းချသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Pages