ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ ကျောင်းမုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

       ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းနှင့်အတူပူးပေါင်း၍  (၁၄.၈.၂၀၂၅)  ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ကုန်သည်လမ်း၊ အ.ထ.က (၆) ကျောင်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုန့်ဈေးတန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ မုန့်ရောင်းချသူများအား ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်ထားသော အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာ ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းမရှိပါက ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Doca (ဧရာဝတီ)