ဘီးလင်းမြို့နယ်တွင် စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ရန်ကုန်မြို့ Kaung Hlyan New Asia ကုမ္ပဏီနှင့် Myat A Kan ကုမ္ပဏီတို့သည် မြို့နယ်အတွက် တစ်ပတ်စာခွဲတမ်းရရှိသော စားအုန်းဆီ (၄၄) ပေပါအား ဘီးလင်းမြို့ လက်လီကိုယ်စားလှယ်များထံသို့ (၁၅.၈.၂၀၂၅) ရက်နေ့တွင် ပို့ဆောင် ရောက်ရှိခဲ့ပြီး (၁၆.၈.၂၀၂၅) ရက်နေ့မှစတင်၍ လက်လီကိုယ်စားလှယ်များမှ ဘီးလင်းမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများသို့ ခွဲဝေဖြန့်ဖြူးရောင်းချခဲ့ပါသည်။

          ထိုသို့ စားအုန်းဆီလက်လီကိုယ်စားလှယ်များမှ စားသုံးသူများအား ရောင်းချလျက်ရှိရာ တွင် (၁၇.၈.၂၀၂၅) ရက်နေ့၊ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ အခွန်လွတ်ဈေး၌ ရောင်းချနေမှုူအား ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ ခွဲတမ်းရစားအုန်းဆီ များအား ပြည့်ဝစွာရောင်းချခြင်း ရှိ/မရှိနှင့် စားသုံးသူများပွင့်လင်းမြင်သာမှုရှိစေရေး ရောင်းချ ရက်စွဲ၊ ပိဿာချိန်၊ ဈေးနှုန်းနှင့် ရောင်းချသူအမည်တို့ ဖော်ပြထားသော ဗီနိုင်းချိတ်ဆွဲ ရောင်းချ ခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)