
မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဆရာစံရပ်ကွက်၊ အမှတ်(၂) အခြေခံပညာမူလတန်း ကျောင်းတွင်း (၁၅.၈.၂၀၂၅) ရက်နေ့၌ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ကျောင်းမုန့် စျေးတန်းရှိ မုန့်ဆိုင်များသို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းစေရေး ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ကျောင်းမုန့်စျေးတန်းတွင် ရောင်းချ နေသော မုန့်အမျိုးမျိုးတို့တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ တို့ကို အဓိကထားစစ်ဆေးခဲ့ပြီး အဆိုပါ မုန့်အမျိုးမျိုးတို့သည် စားသုံးသူများ ဘေးအန္တရာယ် ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပါသည်။ ထို့နောက် ကျောင်းမုန့် စျေးတန်းတွင် မုန့်မျိုးစုံရောင်းချသူများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော မုန့်များကိုသာရောင်းချရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သောအစားအသောက်များကိုသာ ရောင်းချစေရန် အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (မွန်)