
၁၉.၈.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၌ ဥပဒေပြန့်ပွားမှုဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်လှစ်ခဲ့ရာ ပြည်နယ်ဦးစီးမှူးရုံး၊ မော်လမြိုင်ခရိုင်မှ ဝန်ထမ်း များတက်ရောက်ခဲ့ပြီး ကျိုက်ထိုခရိုင်၊ သထုံခရိုင်၊ ရေးခရိုင်ရှိ စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများမှ အွန်လိုင်းဖြင့် တက်ရောက်ခဲ့သည်။ အဆိုပါ သင်တန်းအား ဩဂုတ်လ ၁၉ ရက်နှင့် ၂၀ ရက် (၂) ရက်တိုင်တိုင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါသည်။
အဆိုပါ သင်တန်းပထမရက်တွင် ပြည်နယ်ဦးစီးမှူး ဦးတင်အောင်ကျော်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ရှင်းလင်းခြင်း၊ ဦးစီးအရာရှိ ဦးစီးအရာရှိ ဒေါ်မိုးမိုး က ဆိုင်ဘာလုံခြုံရေးဥပဒေအကြောင်း ရှင်းလင်းခြင်း၊ ဦးစီးအရာရှိ ဦးမင်းခိုင်စိုးက ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများအား ဆွေးနွေး ခဲ့ကြသည်။ သင်တန်းဒုတိယရက်အား ဆက်လက်ဖွင့်လှစ်ခဲ့ရာ ဦးစီးအရာရှိ ဦးမျိုးလွင်က နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အကြောင်း ရှင်းလင်းခြင်း၊ ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကျော်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအကြောင်း ရှင်းလင်းခြင်း၊ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က ယှဉ်ပြိုင်မှုဥပဒေ အကြောင်းရှင်းလင်းခဲ့ကြပြီး သင်တန်းသား (၄၇) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)