မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ဈေးကွက်မရောက်မီ စားသောက်ကုန်လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးမြင့်အောင်နှင့်ဝန်ထမ်းများသည် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မြို့ပေါ်ရပ်ကွက်များ၌ ဈေးကွက်မရောက်မီကုန်စည်များဖြစ်သည့် စားသောက် ကုန်လုပ်ငန်းများသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့ နယ်မှ စစ်ဆေးရေးအရာရှိ ဦးမြင့်အောင်နှင့်ဝန်ထမ်းများသည် ဆက်စပ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန်လုပ်ငန်းများသို့သွားရောက်ကာ ပြုလုပ်ပုံ အဆင့်ဆင့်ကိုမေးမြန်းပြီး ၎င်းတို့ပြုလုပ်နေသော စားသောက်ကုန်များအား စားသုံးရန်(သို့) အသုံးပြု ရန် သင့်/မသင့်၊ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနထောက်ခံ ချက်များ ရှိ/မရှိနှင့် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉အား လိုက်နာဆောင်ရွက်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေတွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်၏  တာဝန်များအားအသေးစိတ်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။ ဆက်လက်၍စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း အကြောင်းအရာများကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များ အနေဖြင့်လည်း ယင်းတာဝန်များကို အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးကိုလည်း အထူး အလေးထားလိုက်နာဆောင် ရွက်ကြရန် လိုကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်ဟု သိရှိရပါ သည်။

(DOCA ဧရာဝတီ)