အင်္ဂပူမြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန ၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၉ -၈-၂၀၂၅ )ရက်နေ့ ၊ နံနက် (၁၀:၃၀)မိနစ်တွင်  ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်မျိုးမင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

            အသင်းအနေဖြင့် လက်ရှိတွင် ကုမ္ပဏီ(၂)ခုမှရရှိသော ခွဲတမ်းဆီများအား စနစ်တက်ခွဲဝေဖြန့်ဖြူး ခြင်း၊ မြို့နယ်အတွင်းရှိ ရပ်ကွက်၊‌ ကျေးရွာအုပ်စုရှိ အိမ်ထောင်စုများအား ဆီထုတ်စာအုပ်ဖြင့် သတ်မှတ် ရည်ညွှန်းဈေးနှုန်းများအပေါ် သယ်ယူခပေါင်း၍ အလှည့်ကျရောင်းချပေးခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချ ခြင်း မသမာသောနည်းလမ်းများဖြင့်ရောင်းချမှုရှိ၊မရှိတို့အား သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် စစ်ဆေး ကြပ်မတ်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်းစားအုန်းဆီလိုအပ်ချက်အရ ဆီခွဲတမ်းရရှိမှု မလုံလောက်ပါသဖြင့် ဆီခွဲတမ်းများ လုံလောက်စွာပေးနိုင်ပါရန်  အကြံပြုဆွေးနွေးခဲ့ပါသည်။

(DOCA ဧရာဝတီ)