ဇလွန်မြို့နယ်အတွင်းရှိ ဆန်စက်၊ဆန်ပွဲရုံနှင့် ဆန်လက်လီ၊လက်ကားအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန ၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၂၀-၈-၂၀၂၅ )ရက်နေ့ ၊ နံနက် (၁၀:၂၀)မိနစ်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့နယ်အတွင်းရှိ ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် ဇလွန်မြို့နယ်အတွင်းရှိ ဆန်လက်လီ၊ လက်ကား အရောင်းဆိုင်(၃)ဆိုင် အား သွားရောက်စစ်ဆေးခဲ့ရာ   မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRFမှ ၂၀၂၅ခုနှစ်၊ ဇူလိုင်လအတွက် ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းများ အပေါ် (၈%)ထက် ပိုမိုရောင်းချခြင်းမရှိဘဲ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိကြောင်းနှင့် ဈေးကွက်အတွင်း ဆန်အမျိုးအစားအလိုက် ရောင်းချရမည့် ရည်ညွှန်းဈေးနှုန်းများနှင့် ဈေးကွက်အတွင်း အမြင့်ဆုံးရောင်းချနိုင်မည့် ဈေးနှုန်းထက်မပိုဘဲ ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဖြင့် သိရှိရပါသည်။

(DOCA ဧရာဝတီ)