
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ မအူပင်မြို့နယ် ဦးစီးမှူး ရုံးသည် (၂၁.၈.၂၀၂၅)ရက်နေ့ ၊ နံနက် (၁၁:၀၀)အချိန် မအူပင်မြို့နယ် စွန်သိုက်ကျေး ရှိ ထိန်ထိန်လင်း ဆန်စက်အား SME လုပ်ငန်းဖွံ့ဖြိုးရေးနှင့်ထုတ်ကုန်လုံ ခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကွင်းဆင်ဆောင်ရွက်မှုတွင် မအူပင်မြို့နယ်တွင် ကောက်စော စပါးထွက်ရှိမှုအခြေ အနေမေးမြန်းခြင်း၊ စပါးဆန် အရောင်းအဝယ်အခြေအနေနှင့် ဆန်စက်တွင် စပါးကြိတ်ခြွမှု စပါးဆန်လက်ကျန် အခြေအနေများကို စစ်ဆေးခြင်း၊ ဆတ်ကို ရန်ကုန်ဘုရင့်နောင်ဈေးကွက်ထိ တင်ပို့နေနေမှုအခြေအနေများကို ကြည်ရှုစစ်ဆေးခဲ့ကြပြီး မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦး(ဦူးစီးအရာရှိ)က စားသုံးသူကာကွယ်ပေးရေး ဥပဒေပါ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် လိုက်နာရမည့် ဥပဒေအကြောင်း၊ SMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကိစ္စရပ်များကို ရှင်းပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)