သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)၊ ဦးသိန်းထိုက်အောင်(ဒု-ဦးစီးမှူး)နှင့် ဒေါ်ဖွာဇမဲန်(အငယ်တန်းစာရေး)တို့သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၅ရက် နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ အခြေခံပညာအတန်းကျောင်း အ.ထ.က(၃)၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြပါသည်။

၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ ဇေတဝန်ဘုန်းတော်ကြီးအတတ်သင်ကျောင်း၊ အ.မ.က (မူလွန်) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမအပါအဝင် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၅၅) ဦးတက်ရောက်ခဲ့ကြပါသည်။

၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၁ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်မားရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိကုန်စုံဆိုင်များသို့သွားရောက်၍ ၎င်းတို့ရောင်းချနေသော ကုန်ပစ္စည်းများ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်

စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်၊ မြို့နယ်တာဝန်ခံသည် ဇလွန်မြိုနယ်၊ ညောင်ပင်ဈေးရပ်ကွက်ရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား (၄-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်၊ မြို့နယ်တာဝန်ခံသည် ဘန့်ဘွေးကုန်းအုပ်စုရှိ ဘုန်းကြီးကျောင်း၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား (၄-၈-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။
