
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် ၁၇-၈-၂၀၂၅ ရက်၊ နေ့ နံနက် ၁၀:၀၀ ချောင်းကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟော ပြောခဲ့ ကြောင်း သိရှိရသည်။
အဆိုပါဟောပြောပွဲတွင် ဦးအောင်လွင် ဦးစီးအရာရှိကဟောပြောခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်။ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်းကို လည်းကောင်း၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ် နှင့် ဆက်စပ်သော စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ ကုန်၊ ဝန်ဆောင်မှုများ အကြောင်းကို လည်းကောင်း၊ ကုန်စည်များနှင့် စပ်လျဉ်း၍ ဒေသတွင်း ထုတ်လုပ်ရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိသော ကုန်စည်များကို စနစ်တကျထုတ်လုပ် သောကုန်စည်များကို ရွေးချယ်ဝယ်ယူ သုံးစွဲတတ် စေရန် ကုန်အညွှန်းအမှတ်အသား ကြည်ရှု့ခြင်းနှင့် စပ်လျဉ်း၍ သိရှိနိုင်ရန်အချက်များကို ရှင်းလင်း ဟောပြောပြီး ဟောပြောပွဲတွင် မြန်မာနိုင်ငံအရန်မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ ပါဝင်ဟောပြောခဲ့ကြပြီး ဟောပြောပွဲတက်ရောက်သူ ဆရာ၊ ဆရာမ ကျောင်းသား၊ ကျောင်းသူများ (၆၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)