သတင်းနှင့် လှုပ်ရှားမှုများ
မှတ်တမ်းမှတ်ရာ အထောက်အထားပြည့်ပြည့်စုံစုံတင်ပြနိုင်ပြီး ခေတ်အဆက်ဆက်ဌာန သမိုင်းပြုစုရာတွင်လည်း အထောက်အကူရရှိနိုင်စေရန်၊ အထက်ဌာနသို့ အစီရင်ခံတင်ပြခြင်းနှင့် ပြည်သူများသို့ ဌာန၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်ရာတွင်လည်း Video File များဖြင့် ဝေဝေဆာဆာ ဖော်ပြနိုင်စေရန်၊ ဒုတိယဦးစီးမှူးနှင့် အထက်ရှိ ဝန်ထမ်းတိုင်း မီဒီယာအသုံးပြု၍ သတင်းမှတ်တမ်း၊ Corporate Video File များ ပြုလုပ်တတ်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် မီဒီယ

မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာပါရှိစေရေးအတွက် ဦးစားပေးကုန်စည်တစ်မျိုးဖြစ်သည့် အချိုရည်ဗူးများကို ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်နှင့် သက်ဆိုင်ရာဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ သြဂုတ် လ(၁၁)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်မြို့ပေါ်ရှိ အချိုရည်လက်ကားဒိုင်များသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ၊ တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၁၁.၈.၂၀၂၃) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီတွင် ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အငယ်စား၊ အသေးစား နှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပခဲ့ပါသည်၊၊

ကရင်ပြည်နယ် ၊ ဘားအံမြို့ရှိ သံလွင်မြစ်ရေသည် (၁၀-၈-၂၀၂၃) ရက်နေ့တွင် စိုးရိမ်အမှတ်ကျော်လွန်နေ၍ ဘားအံမြို့နှင့် အနီးတဝိုက်ကျေးရွာများရှိ နေအိမ်များရေနှစ်မြုပ်လျက်ရှိရာ ခရိုင်/မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှုဦးသန်းဦးပါ ဝန်ထမ်းများသည် လှာကာကျေးရွာအုပ်စု သုဓမ္မရံသီဘုန်းကြီးကျောင်းရှိ ရေဘေးစခန်းဖွင့်လှစ်ထားသည့်နေရာတွင် ကြီးကြပ်မှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်ပမှတင်သွင်းသည့် စားသုံးဆီများသတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၁၁.၈.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကရင်ပြည်နယ် ဘားအံမြို့အမှတ်(၄) ရပ်ကွက်ဟင်္သာကုန်း၊ နန်းလုံ
