ကျောက်ပန်းတောင်းမြို့ရှိ None-3 သောက်ရေသန့်စက်ရုံအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်း တောင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍(၂၆.၈.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ None-3 သောက်ရေသန့်စက်ရုံအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုရှိစေရေ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ပူးပေါင်းအဖွဲ့သည် ကျောက်ပန်းတောင်းမြို့ရှိ သောက်ရေသန့်စက်ရုံအား ကွင်းဆင်းစစ်ဆေးရာ တွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ၊ ထုတ်လုပ်ပုံ နည်းလမ်းမှန်ကန်မှုရှိ/မရှိ၊ ဥပဒေပါ သတ်မှတ် ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ၊ သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ လုပ်သားများ၏ ကျန်းမာရေးဆေး စစ်မှုအခြေအနေများ၊ စက်ယူနစ်အစိတ်အပိုင်း၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်တလျှောက်ကိုင်တွယ်မှု၊ ထည့် သွင်းမှု၊ ထုပ်ပိုးမှုနှင့်ဗူးခွံများ ပြန်လည်ဆေးကျောသန့်စင်မှုများ၊ ရေဆိုးထုတ်လုပ်မှုအခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ထည့်သွင်းဖော်ပြမှုအခြေအနေများအား သက်ဆိုင်ရာဌာနများအလိုက် စစ်ဆေးမှုများဆောင်ရွက်၍ လုပ်ငန်းရှင်များအား ၎င်းတို့ထုတ်လုပ်နေသော သောက်ရေသန့်သည် လူသားအားလုံးအတွက် မရှိမဖြစ်နေ့စဉ်အချိန်နှင့်အမျှ လိုအပ်သည့်ကုန်စည်ဖြစ်တာနှင့်အညီ သတ်မှတ် ထား သောစံချိန်စံညွှန်းများ၊ အရည်အသွေးများပြည့်မီရန် လိုအပ်ပါကြောင်း၊ သယ်ယူပို့ဆောင် ဖြန့်ဖြူး ရောင်းချမှုများတွင် စနစ်တကျသယ်ယူပို့ဆောင်ရန် လိုအပ်ပါကြောင်း၊ ရေသည် လူသားအားလုံး အသက်ရှင်သန်ရေးနှင့်ကျန်းမာရေးအတွက် ဆေးကောင်းတစ်ခုဖြစ်၍ သောက်သုံးနေရသောရေသည် သန့်ရှင်းစင် ကြယ်ရန်အထူးလိုအပ်သောကြောင့် သန့်ရှင်းသော၊ ကောင်းမွန်သော သောက်ရေသန့်များ ထုတ်လုပ်ခြင်းဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုသည့်အတိုင်း ရေအကျိုးဆယ်ပါး ကုသိုလ်များကို ရရှိပြီး မိမိတို့၏ အကျိုးစီးပွားများလည်းဖြစ်ထွန်းလာမည်ဖြစ်၍ စားသုံးသူများ၏ ကျန်းမာရေးကိုရှေးရှု့ ပြီး စိတ်စေတနာ အပြည့်အဝထားကာ ဥပဒေများနှင့်အညီထုတ်လုပ်ကြရန် ဆွေးနွေးရှင်းလင်းခဲ့ကြ ပါသည်။

DOCA(မန္တလေး)