သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
25 Aug 2022

            စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် မျှော်မှန်းချက်နှင့်အညီ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး တိုင်း/ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် စလင်းမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက် များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရးအတွက် ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်း၊ ပြည်တွင်းက

25 Aug 2022

         မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့် ဝန်ထမ်းများအဖွဲ့သည် ၂၀၂၂-ခုနှစ်၊ ဩဂုတ်လ(၁၇)ရက်နေ့ နံနက်(၀၉:၃၀)မှ (၁၁:၃၀)နာရီထိ မကွေးမြို့နယ်၊ မကြီးကန်‌ ကျေးရွာရှိ အထက(ခွဲ) ကျောင်း၌ အခြေခံကျောင်းသား၊ ကျောင်းသူများ သိသင့်သည့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

25 Aug 2022

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်  ဩဂုတ်လ (၂၃) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း တောင်ကြီးမြို့၌ ကျောင်းသား/ ကျောင်းသူများ သိသင့်သိထိုက်သော အသိပညာဗဟုသုတများရရှိစေရန်အတွက် စားသုံးသူကွယ်ရေးဆိုင်ရာ အသိပညာပေး‌ဟောပြောပွဲ ကျင်းပပြုလုပ်ကြောင်း သိရပါသည်။

25 Aug 2022

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံဦးလေးလွင်သည် (၂၂.၈.၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ အိမ်မဲကြီးရပ်ကွက် မြို့မဈေးတာဝန်ခံရုံးတွင် မြို့နယ်စည်ပင်သာာယာရေးအဖွဲ့နှ့င့် ပူးပေါင်း၍ မုန့်မျိုးစုံရောင်းချနေသော ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆွေးနွေးခဲ့ပါသည်။

25 Aug 2022

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၂.၈.၂၀၂၂) နေ့လယ် (၁၃:၀၀ မှ ၁၅:၀၀ ) နာရီအချိန်ထိ မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန တို့နှင့် ပူးပေါင်း၍ ပန်းတနော်မြို့ အ.ထ.က ဒေါင့်ကြီး အခြေခံပညာ အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

Pages