သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
17 Aug 2023

    ကသာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦးနှင့် ဝန်ထမ်းများသည် ကသာခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ ညွှန်ကြားချက်အရ ခရိုင်တွင်း ကုန်စည်စီးဆင်းမှု၊ ကုန်ဈေးနှုန်း မြင့်တက်မှု အခြေအနေများအား မြေပြင်အခြေအနေသိရှိနိုင်ရန်အတွက် ၂၀၂၃-ခုနှစ် ဩဂုတ်လ(၁၄) ရက်နေ့ နံနက်ပိုင်းတွင် ကသာမြို့ပေါ်ရှိ ကုန်စည်သယ်ယူပို့ဆောင်ရေး ကားဂိတ်များသို့ ကွင်းဆင်း မှတ်တမ်းရယူ ဆောင်ရွက်ခဲ့ပါသည်။

17 Aug 2023

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဩဂုတ်လ(၁၀)ရက်နေ့၊ နံနက် (၁၀း၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသော “banner” Mini Mart ၊ “ကိုသူရ” ကုန်မျိုးစုံဖြန့်ချီရေးဆိုင် (၂)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

17 Aug 2023

     ၂၀၂၃ခုနှစ် ၊ သြဂုတ်လ (၅) ရက်နေ့ ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိတ္ထီလာခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမတွင် မိတ္ထီလာမြို့ မြို့မစည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍  “စားသုံးသူကာကွယ်ရေး အကြောင်း သိကောင်းစရာများ” ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဌာနဆိုင်ရာများ၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ စုစုပေါင်း (၃၇၀) ဦး တက်ရောက်ခဲ့ပါသည်။

17 Aug 2023

   စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၈-၈-၂၀၂၃) ရက်နေ့ ၊နံနက် (၀၉:၀၀) နာရီအချိန်တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်တွင်  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ ကြောင်း သတင်းရရှိပါတယ်။

17 Aug 2023

      မှတ်တမ်းမှတ်ရာ အထောက်အထားပြည့်ပြည့်စုံစုံတင်ပြနိုင်ပြီး ခေတ်အဆက်ဆက်ဌာန သမိုင်းပြုစုရာတွင်လည်း အထောက်အကူရရှိနိုင်စေရန်၊ အထက်ဌာနသို့ အစီရင်ခံတင်ပြခြင်းနှင့် ပြည်သူများသို့ ဌာန၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်ရာတွင်လည်း Video File များဖြင့် ဝေဝေဆာဆာ ဖော်ပြနိုင်စေရန်၊ ဒုတိယဦးစီးမှူးနှင့် အထက်ရှိ ဝန်ထမ်းတိုင်း မီဒီယာအသုံးပြု၍ သတင်းမှတ်တမ်း၊ Corporate Video File များ ပြုလုပ်တတ်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် မီဒီယ

Pages