သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Aug 2022

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊လပွတ္တာမြို့၊ မြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၁၈.၈.၂၀၂၂)ရက်နေ့(၀၉:၀၀)နာရီအချိန်တွင် လပွတ္တာမြို့၊ အမှတ်(၅)ရပ်ကွက် အ.မ.က(၄) မူလွန်ကျောင်းတွင် ဆရာ၊ဆရာမနှင့် ကျောင်းသား၊ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

23 Aug 2022

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်အသင်းတို့ပူးပေါင်းစီစဉ်မှုဖြင့် စားအုန်းဆီများအား စားသုံးသူပြည်သူများသက်သာ သည့်စျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက်  ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်။ ၎င်းစားအုန်းဆီများကို မြန်မာတစ်နိုင်ငံလုံးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် အသင်းမှ ခွဲတမ်းဖြင့်ပြန်လည်ရောင်းချပေးလျက်ရှိပြီး (၁၂.၈.၂၀၂၂)ရက်နေ့တွင် မြိတ်ခရိုင် အတွက် စားအုန်းဆီ ပေပါ (၃၆)ပေပါ၊ ပိဿာချိန် (၃၉

23 Aug 2022

              ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူး ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများသည် ၁၇.၈.၂၀၂၂ ရက်နေ့ နေ့လယ် ၁၁:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်ရှိ ရင်ရင် (ကိတ်မုန့်၊ ပေါင်မုန့်၊ မုန့်မျိုးစုံ) ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

22 Aug 2022

            မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ မွန်ပြည်နယ် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့်စားဖိုဆောင်သုံးသီးနှံအသင်း ပြန်လည် ဖွဲ့စည်းခြင်းအခမ်းအနားကို ဩဂုတ် ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပ ပြုလုပ်ရာ အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မော်လမြိုင်ကုန်စည်ဒိုင်အသင်းဥက္ကဌနှင့် စားဖိုဆောင်သုံးသီးနှံ လုပ်ငန်းရှင်များ စုစုပေါင်း (၂၉) ဦးတက်ရောက်ခဲ့ပါသည်။

22 Aug 2022

           မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံသည် ၁၈.၈.၂၀၂၂ ရက်နေ့တွင် ပေါင်မြို့နယ်၊ ပေါင်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်း၍ ပေါင်မြို့နယ် ပေါင်ရပ်ကွက် လမ်းဘေးဝဲ/ယာရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်အပါအဝင် ဆိုင်ပေါင်း(၁၂)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။   

Pages